Description:
နည်းပညာတက္ကသိုလ် (မကွေး)တွင် CDM လှုပ်ရှားမှုစတင်သည်နှင့် တပြိုင်နက် ကျောင်းသားများဦးဆောင်၍ TUMG CDM SUPPORTING COMMITTEEကို ဖွဲ့စည်းပြီး ဝန်ထမ်းများအတွက် လစဉ် ဂုဏ်ပြုငွေပေးအပ်ခြင်း၊ နေရပ်ပြန်နိုင်ရန်ကူညီပေးခြင်း၊ ဖမ်းဆီးခံကျောင်းသားများအား ထောက်ပံ့ကူညီပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်ခဲ့ရာတွင် ယနေ့အထိ ငွေကျပ်သိန်းပေါင်း ၁၉၀ကျော် သုံးစွဲနိုင်ခဲ့ပြီဖြစ်ပါသည်။
သို့ရာတွင် ကျွန်ုတို့လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသော ရန်ပုံငွေများ ဖြည့်တင်းနိုင်ဖို့ အရေးကြီးပါသည်။ သို့သော်လည်း ဝင်ငွေမရှိသေးသော ကျောင်းသားလူငယ်များသည် အဖက်ဖက်မှလိုအပ်နေသော နိုင်ငံတော်ကို ငွေအားဖြင့် ကူညီနိုင်ရန်မှာ အချိန်ကြာလာသည်နှင့်အမျှ အခက်အခဲရှိလာပါသည်။ ထို့ကြောင့် click တစ်ချက်နှိပ်ယုံဖြင့် တော်လှန်ရေးအတွက် ထိထိရောက်ရောက်ကူညီနိုင်မည့်အခွင့်အလမ်းအဖြစ် ဤ TUMG Click Application အားမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။
Alert: နည်းပညာအခက်အခဲ အချို့ကြောင့် Application Password ထည့်ထားပါသည်။
" The Year of the last military coup in Myanmar? "ဟုမေးခွန်းပေါ်လာလျှင့် မြန်မာလို "၂၀၂၁"လို့ ထည့်ပေးပါ။






0 comments: